Wednesday, April 3, 2013
ပြင်သစ်နိုင်ငံမြောက်ပိုင်း၌ မီးလောင်မှုတစ်ခု ဖြစ်ပွား
ပြင်သစ်နိုင်ငံ မြောက်ပိုင်း စိန့်ကွင်န်တင်းအရပ်၌ အိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက်နှစ်နှစ်မှ ၁၀ နှစ်ကြားအရွယ်ရှိ ကလေးငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အိမ်ရှင်ဖခင်ဖြစ်သူမှာ မီးလောင်မှုအတွင်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း မစိုးရိမ်ရသော အခြေအနေတွင် ရှိသည်ဟု ဒေသဆိုင်ရာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါမီးလောင်မှုသည် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး ယင်းအချိန်က ကလေးများ အီစတာပွဲတော် ကျင်းပနေချိန် ဖြစ်သည်။ အဆိုပါ မီးလောင်မှုသည် ကနဦးသတင်းများတွင် ဖော်ပြထားသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက ယင်းကဲ့သို့ အဖြစ်ဆိုးလှသော မီးလောင်မှုသည် ရှို့မီးကြောင့်သာ ဖြစ်မည်ဟု ဆိုကြသည်။ မီးလောင်နေစဉ် အိမ်ရှင်ဖခင်ဖြစ်သူ ပြတင်းပေါက်မှ ခုန်ထွက်ခဲ့ပြီး အော်ဟစ်အကူအညီတောင်းခဲ့သည်ဟု ဆိုသည်။ အိမ်နီးချင်းများနှင့် ဒေသလုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်လာပြီး ကူညီရန် ကြိုးစားခဲ့သော်လည်း မီးတောက်အားကြီးလွန်းသဖြင့် ၀င်ရောက်ရန် မတတ်နိုင်ဖြစ်ခဲ့ရသည်။ အဆိုပါ မီးလောင်ကျွမ်းအဆောက်အအုံထဲတွင် ကလေးငါးဦး၏ အလောင်းများ တွေ့ရှိခဲ့ရပြီး အသက်ရှူကျပ်၍ သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တာဝန်ရှိသူများက ယင်းမီးလောင်မှုကို သံသယရှိသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ (ရိုက်တာ)
khitlunge

No comments:
Post a Comment