Friday, April 5, 2013
ပါပူဝါနယူးဂီနီတွင် ဘတ်စ်ကားချောက်ထဲထိုးကျ
ပါပူဝါနယူးဂီနီတွင် ဧပြီ ၃ ရက်က ဘတ်စ်ကားတစ်စီး မတော်တဆ ချောက်အတွင်း ထိုးကျသွားရာ လူ ၂၉ ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိကြောင်း သြစတြေးလျ သတင်းဌာနများက ဧပြီ ၄ ရက်တွင် ဖော်ပြသည်။ ပါပူဝါနယူးဂီနီရှိ အနောက်ပိုင်း ကုန်းမြင့်ဒေသ မောင့်ဟေဂန်သို့ ဘိန်ယာဒေသမှ ထိုင်ခုံ ၂၅ ခုံပါ ခရီးသည်တင် ဘတ်စ်ကားတစ်စီး မောင်းနှင်လာစဉ် မီတာ ၅ဝ ကျော် နက်သော ချောက်အတွင်းသို့ မတော်တဆ ထိုးကျသွားခြင်းဖြစ်ကြောင်း အေအေပီ သတင်းဌာနက ဖော်ပြသည်။ ဖြစ်စဉ်ကြောင့် အမျိုးသား ၁၇ ဦး၊ အမျိုးသမီးခြောက်ဦးနှင့် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာကိုးဦး ဒဏ်ရာရရှိသည်။ ဒဏ်ရာရရှိသွားသူ ကိုးဦးမှာ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းတွင် ဒဏ်ရာများရရှိပြီး ၄င်းတို့အနက် နှစ်ဦးမှာ သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရကြောင်း၊ ၄င်းတို့အားလုံးကို မောင့်ဟေဂန်ရှိ ပြည်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဆေးရုံမှ တာဝန်ရှိပုဂ္ဂိုလ်က အေအေပီ သတင်းဌာနသို့ ပြောကြားသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment