Friday, April 26, 2013

အာဆင်နယ် ပရိသတ် တစ်ဦးဟု မန်ယူရောက် ဇာဟာဝန်ခံ


မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် စာချုပ် လိုက်သော်လည်း မိမိသည် အာဆင်နယ် အသင်းပရိသတ် တစ်ဦးဖြစ်ကြောင်း ဝီလ်ဖရိုက်ဒ် ဇာဟာက ဖွင့်ဟ ဝန်ခံလိုက်သည်။
အသက်(၂၀)အရွယ် တောင်ပံတိုက်စစ် ကစားသမားလေးသည် ဆောင်းရာသီ ဈေးကွက် အတွင်းက ချန်ပီယံရှစ်ကလပ် ခရစ္စတယ်လ်ပဲလေ့စ်မှ မန်ယူသို့ စတာလင်ပေါင် (၁၅)သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီခဲ့သည်။ သို့သော်လည်း ၎င်းသည် ရာသီကုန်ထိ ပဲလေ့စ်တွင် ဆက်ရှိနေပြီးမှ မန်ယူသို့ ချိတ်ဆက် ကူးပြောင်းမည် ဖြစ်သည်။ အင်္ဂလန်၏ အလားအလာကောင်းသော လူသစ်လေးအဖြစ် သတ်မှတ်ခံရသည့် ဇာဟာက မန်ယူနှင့် စာချုပ်ခဲ့သော်လည်း မိမိသည် မန်ယူနှင့် သမိုင်းကြောင်း ခါးသီးသော အာဆင်နယ် အသင်းကို အားပေးသူဟု ဖွင့်ဟခဲ့သည်။
"အမြဲတမ်း အာဆင်နယ်၊ အာဆင်နယ်၊ အာဆင်နယ်၊ အာဆင်နယ်ပဲ ဖြစ်ခဲ့တာပါ။ ကျွန်တော် သွားချင်ခဲ့တဲ့ ကလပ်ကလည်း အာဆင်နယ်ပါပဲ။ ကျွန်တော်ဟာ အာဆင်နယ်ကို အမြဲတမ်းပဲ အားပေးခဲ့တယ်။ ပြောရမယ်ဆိုရင် ကျွန်တော့် အပြောင်းအရွှေ့အတွက် မန်ယူက ဝင်ပါလာမယ် မထင်ခဲ့ဘူး။ တကယ်ပါ။ ဒါပေမဲ့ သူတို့ ဝင်လာခဲ့တယ်။ ကျွန်တော် ဘယ်လိုများ ငြင်းနိုင်မှာလဲ။ အာဆင်နယ်ဟာ အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် အသင်းတစ်ခုလေ"ဟု ဇာဟာက ပြောဆိုသွားသည်။ 
Ref: The Sun
soccer myanmar

No comments:

Post a Comment