Tuesday, April 23, 2013

အကျဉ်းသားများ အစုလိုက်သတ်သည့် ဘရာဇီးရဲအရာရှိများ ထောင် ၁၅၆ နှစ်စီကျ


၁၉၉၂ ခုနှစ်က ဘရာဇီးနိုင်ငံ၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်တစ်ခုအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြသော ရဲအရာရှိ ၂၃ ဦးကို ထောင် ၁၅၆ နှစ်စီ ကျခံစေရန် တရားသူကြီးတစ်ဦးက အမိန့်ချလိုက်ကြောင်း ဆင်ဟွာ သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ ဘရာဇီးနိုင်ငံ၌ အကြီးဆုံးမြို့ဖြစ်သော ဆွာပေါ်လိုရှိ ကာရန်ဒီဒူအကျဉ်းထောင် ဆူပူထကြွမှုကို နှိမ်နင်းရာတွင် အဆိုပါ ရဲအရာရှိများသည် အကျဉ်းသား ၁၃ ဦးကို သတ်ဖြတ်ခဲ့ကြသည်။ ထိုဖြစ်ရပ်က ကာရန်ဒီဒူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟု ဟိုးဟိုးကျော်ခဲ့သည်။ အကျဉ်းထောင် ဒုတိယထပ်၌ အကျဉ်းသားအုံကြွမှုတွင် စက်သေနတ်များသုံး၍ ပစ်ခတ်ခဲ့သော ရဲအရာရှိများသည် အပြစ်ရှိသည်ဟု ခုနစ်ဦးပါဂျူရီလူကြီးမင်းများ ဆိုသည်။ ကာရန်ဒီဒူအကျဉ်းထောင်သည် တောင်အမေရိက၌ အကြီးဆုံး စံပြထောင်ဖြစ်သည်။ အကျဉ်းသား ၈ဝဝဝ ကျော် ထိန်းသိမ်းထားနိုင်ပြီး ၂ဝဝ၂ ခုနှစ်တွင် ပိတ်၍ ဖျက်သိမ်းခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment