မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ဖွယ်ရှိဟု တရုတ်ပြောကြား
မြောက်ကိုရီးယားနိုင်ငံ၏
လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုမှာ ဖြစ်လာဖွယ်ရာရှိကြောင်း၊
ယင်းသည်ပြုံယမ်းနှင့် အခြားဒေသဆိုင်ရာ အဖွဲ့အစည်းများအကြား ဆွေးနွေးပွဲများ
ပြန်လည်ကျင်းပရေး လိုအပ်လျက်ရှိနေသည်ကို ထင်ရှားစွာ
ညွှန်ပြနေခြင်းဖြစ်ကြောင်း တရုတ်ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးက
ပြောကြားသည်ဟု အင်္ဂါနေ့ အေပီသတင်းတွင် ဖော်ပြသည်။ တင်းမာမှုများ
မြင့်တက်လာနေစဉ် တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာသော
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ၏ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မာတင်ဒင်ဆေးနှင့်
တွေ့ဆုံပြီးနောက် ဗိုလ်ချုပ်ကြီး ဖန်၏ ယခုကဲ့သို့သော သဘောထားမှတ်ချက်
ပေါ်ထွက်လာခြင်း ဖြစ်သည်။
(အေပီ)
khitlunge
No comments:
Post a Comment