Monday, April 29, 2013
ရုရှားစိတ်ကျန်းမာရေးဆေးရုံ မီးလောင်လူ ၃၆ ဦးထက်မနည်းသေဆုံး
ရုရှားနိုင်ငံ မော်စကိုမြို့ရှိ စိတ်ကျန်းမာရေး ဆေးရုံ၌ ဧပြီ ၂၆ ရက် အစောပိုင်းတွင် မီးလောင်ခဲ့ရာ လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အရေးပေါ် အခြေအနေ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုပ်အလောင်း ၃၆ လောင်းကို ကယ်ဆယ်ရေးသမားများ တွေ့ရှိခဲ့ကြောင်း၊ ဆေးရုံတွင် တက်ရောက်နေသူ စုစုပေါင်း ၄၁ ဦးအနက် သုံးဦးသာလျှင် မီးဘေးမှ လွတ်မြောက်ခဲ့သဖြင့် သေဆုံးသူဦးရေမှာ ၃၈ ဦးအထိ တိုးမြင့်လာနိုင်ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို အီတာတာ့စ် သတင်းဌာနက ဖော်ပြသည်။မော်စကိုမြို့ ဒီမီထရိုကီဒေသ မြောက်ပိုင်းရှိ စိတ်ပိုင်းဆိုင်ရာ တစ်ထပ်တိုက် အဆောက်အအုံ၌ ဒေသစံတော်ချိန်နံနက် ၂ နာရီ ၂၃ မိနစ် (ဧပြီ ၂၅ ရက် ကမ္ဘာ့စံတော်ချိန် ၂၂၂၃ နာရီ) တွင် မီးလောင်မှုဖြစ်ခဲ့သည်။ မီးညွန့်ကို ထိန်းချုပ်နိုင်လိုက်သည်ဟု သိရှိရသည်။ ယင်းအဆောက်အအုံ၌ ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ခဲ့ကြောင်း၊ သေဆုံးသူ အများစုမှာ အိပ်ပျော်နေစဉ် မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment