Wednesday, April 3, 2013

တရုတ်၌ ငှက်တုပ်ကွေးဖြစ် နှစ်ဦးသေဆုံး


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ငှက်တုပ်ကွေးရောဂါ ခံစားရသဖြင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း ရှန်ဟိုင်းမြို့ ဒေသခံများက ပြောကြားခဲ့သည်။ အသက် (၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦးတို့သည် ဖေဖော်ဝါရီလအတွင်း၌ အိတ်ခ်ျဆဲဗင်းအန်နိုင်း ဗိုင်းရပ်စ်ကြောင့် နေထိုင်မကောင်းဖြစ်ပြီး မတ်လနှောင်းပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။ အသက် (၃၅)နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးသည်လည်း ယင်းရောဂါ ခံစားနေရလျက်ရှိရာ အခြေအနေ စိုးရိမ်ဖွယ်ရာ ရှိသည်ဟု ဆိုသည်။ ၄င်းဗိုင်းရပ်စ်သည် မည်သို့ ပျံ့နှံ့ခဲ့သည်ကို ယခုအချိန်၌ ရှင်းလင်းစွာ မသိရှိရသေးကြောင်း၊ ရောဂါဖြစ်ပွားသူ သုံးဦးသည် တစ်ဦးကိုတစ်ဦး ကူးစက်ခဲ့ခြင်းမဟုတ်သကဲ့သို့ ၄င်းတို့သုံးဦးသည် မည်သည့်နည်းနှင့်မျှ ဆက်သွယ်ဆက်ဆံမှု မရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ သေဆုံးသူများသည် ချောင်းဆိုး၍ ဖျားနာမှုဖြစ်ခဲ့ကြသည်ဟုတရုတ်အမျိုးသားကျန်းမာရေးနှင့်မိသားစုစီမံကိန်းကော်မရှင်က ပြောကြားခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment