Tuesday, April 23, 2013
ဆီးရီးယားအစိုးရတပ် မြို့သိမ်း၊ လူဒါဇင်ပေါင်းများစွာ သတ်ဖြတ်
ဆီးရီးယားအစိုးရ တပ်များသည် မြို့တော် ဒမတ်စကက်အနီးမှ မြို့တစ်မြို့ကိုသိမ်း၍ ကလေးများနှင့် မိန်းမများ အပါအဝင် လူ ၈ဝ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း အတိုက်အခံ လှုပ်ရှားသူများက ပြောသည်။ငါးရက်ကြာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် အစိုးရတပ်သည် ဂျေဒိုင်ဒက်အဲလ်ဖာတဲလ်မြို့ကို မွှေနှောက်ခဲ့ကြောင်း ၄င်းတို့က ပြောကြားသည်။ ယင်းမြို့တွင် အစိုးရတပ်ဖွဲ့သည် ဆုံးရှုံးမှုကြီးမားခဲ့သည်ဟု ဆီးရီးယားအစိုးရ သတင်းဌာန ဆာနာက ဖော်ပြသည်။ ၂ဝ၁၁ ခုနှစ် မတ်လ၌ လူထုအုံကြွမှု စတင်ခဲ့သည့် အချိန်မှစ၍ သေဆုံးခဲ့သော လူဦးရေမှာ အနည်းဆုံး ၇ဝဝဝဝ ရှိပြီဖြစ်သည်။ ယခု နောက်ဆုံး သတ်ဖြတ်ခြင်းသည် ဒမတ်စကက် ပတ်ဝန်းကျင်တွင် သူပုန်တို့ ထိန်းချုပ်ထားသည့် နယ်မြေများကို အစိုးရတပ်ဖွဲ့က ထိုးဖောက်ရန် ကြိုးစားရာမှ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ဂျေဒိုင်ဒက်အဲလ်ဖာတဲလ်မြို့၌ အနည်းဆုံး လူ ၈ဝ သေဆုံးခဲ့ခြင်းကို အမည်နှင့်တကွ ဖော်ပြနိုင်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့က ကြေညာသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment