Wednesday, April 3, 2013
မည်သည့်ရန်စမှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး အမိန့်ပေး
မြောက်ကိုရီးယားအနေဖြင့် မည်သည့်နိုင်ငံရေးဆိုင်ရာ ဆင်ခြင်တွေးခေါ်မှုမျှမရှိဘဲ ရန်စမှုများပြုလုပ် လာလျှင် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ဧပြီ ၁ ရက်တွင် စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း သိရသည်။ မိမိတို့၏ နိုင်ငံနှင့် ပြည်သူများအား ဆန့်ကျင်သည့် မည်သည့် ရန်စမှုများကိုမဆို ပြုလုပ်လာလျှင် စစ်တပ်အနေဖြင့် အဆိုပါ ရန်စမှုများအား ပြင်းပြင်းထန်ထန် တုံ့ပြန်သွားသင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် မူဝါဒရေးရာ အစီအစဉ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပစဉ် တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက ပြောကြားခြင်းဖြစ်သည်။ မကြာသေးမီ အချိန်ကာလက မြောက်ကိုရီးယားနိုင်ငံ၏ အလွန်ပြင်းထန်သော ခြိမ်းခြောက်မှု၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို တရားဝင် ဖျက်သိမ်းသည့် ထုတ်ပြန်မှု၊ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလိုင်းများ ပိတ်ဆို့မှုနှင့် အဖန်တလဲလဲ စစ်ရေးခြိမ်းခြောက်မှုများကို မိမိအနေဖြင့် တွေ့မြင်ရကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ (ဆင်ဟွာ)
khitlunge

No comments:
Post a Comment