Monday, April 29, 2013
နိုင်ဂျီးရီးယားမြောက်ပိုင်း၌ စာမေးပွဲခန်းမပြိုကျ၊ ကျောင်းသားသုံးဦး သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၌ အနောက်အာဖရိကစာမေးပွဲ (ဒဗလျူအေအီးစီ)ကို ဖြေဆိုနေချိန်တွင် အဆိုပါ စာမေးပွဲဖြေရာ ခန်းမဆောင် ပြိုကျရာ တက္ကသိုလ်ကျောင်းသားသုံးဦး သေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရ အရာရှိတစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မာရာရာဘာဒေသ ပုဂ္ဂလိက အလယ်တန်းကျောင်း၌ ဧပြီ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၈ မိနစ်တွင် စာမေးပွဲဖြေဆိုရာခန်းမ ပြိုကျခဲ့သည်ဟု ဒွန်ဂါဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဒိုဂလပ်စ်က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ ကျောင်းအဆောက်အအုံရှိ စာဖြေခန်းမဆောင်တွင် ဇီဝသိပ္ပံစာမေးပွဲကို ဖြေဆိုနေကြသော တက္ကသိုလ်ကျောင်းသား ၅ဝဝ ကျော်ရှိသည်ဟု ၄င်းက ပြောကြားခဲ့သည်။ ထိုနေ့၌ မေးခွန်းကို ဝေပေးခါစတွင် အဆောက်အအုံ ရုတ်တရက်ပြိုကျခဲ့ကြောင်း၊ ယင်းကျောင်း၌ ဒဗလျူအေအီးစီကို ဖြေဆိုနေကြသော ကျောင်းသားမှာ စုစုပေါင်း ၅၆ဝ ရှိကြောင်း သတင်း၌ ဖော်ပြထားသည်။ စာမေးပွဲ စတင်မဖြေဆိုမီကပင် အဆိုပါ အဆောက်အအုံမှာ အက်ကြောင်းများနှင့်ဟု တက္ကသိုလ် ကျောင်းသားအချို့က ပြစ်တင်ပြောကြားခဲ့သည်။ ဆေးရုံသို့ တင်ထားသော ဒဏ်ရာရရှိထားသူ ကျောင်းသား အယောက် ၂ဝဝ အနက် ၃ဝ မှာ အရေးပေါ် အခြေအနေရှိကြောင်း၊ ၄င်းတို့အနက် အချို့သော ကျောင်းသားများကို ဆေးဝါးပိုမိုထိရောက်စွာ ကုသပေးနိုင်ရန် အဘူဂျာမြို့နှင့် အခြားသောမြို့များရှိ ဆေးရုံများသို့ တင်ပို့ ကုသမည်ဟု သိရှိရသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment