အီဂျစ်ကျောင်းသားကျောင်းသူ ၅၀၀ ကျော် အစာအဆိပ်သင့်
အီဂျစ်နိုင်ငံ
အယ်လ်အက်ဇာတက္ကသိုလ်မှ အီဂျစ်ကျောင်းသား ကျောင်းသူ ၅၆၁ ဦးတို့သည် ဧပြီ ၁
ရက်က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော်
သေဆုံးမှုများမရှိခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ပြောကြားသည်။
အယ်လ်အက်ဇာက္ကသိုလ် ကျောင်းသား ကျောင်းသူများအနက် အစာအဆိပ်သင့်မှု ဖြစ်ပွားသူ
အရေအတွက်သည် ဧပြီ ၁ ရက် ညတည်းကစပြီး ၅၆၁ ဦးရှိကြောင်း သိရသည်။ အဆိုပါ
အစာအဆိပ်သင့်မှုသည် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို အရှေ့ဘက်
နက်စ်စီးတီးရှိ အယ်လ်အက်ဇာတက္ကသိုလ်ကျောင်းအတွင်း၌ ဖြစ်ပွားခဲ့ပြီး
ယင်းတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများသည် ၄င်းတို့စားသောက်နေကျဖြစ်သည့်
ထမင်းဆိုင်မှ နေ့လယ်စာများ စားသောက်ပြီးနောက် ထိုသို့
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (ဆင်ဟွာ)
khitlunge
No comments:
Post a Comment