Friday, April 26, 2013

ချယ်လ်ဆီးသို့ ပြန်လာဖြစ်ပါက ဖယ်လ်ကာအိုကို ခေါ်ယူပေးရန် မော်ရင်ဟို တောင်းဆိုဖွယ်ရှိ


အကယ်၍ ချယ်လ်ဆီး အသင်းတွင် တစ်ကျော့ပြန် မန်နေဂျာ ရာထူး ရယူဖြစ်ပါက အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ရာဒါမယ်လ် ဖယ်လ်ကာအိုကို အသင်းက ခေါ်ယူပေးစေရန် ဟိုဆေး မော်ရင်ဟိုက ဆန္ဒ ရှိနေကြောင်း သိရှိရသည်။
ပေါ်တူဂီသား နည်းပြသည် ရာသီကုန်တွင် လက်ရှိ ကိုင်တွယ်နေသည့် ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာကာ တစ်ချိန်က အောင်မြင်မှုများ ပိုင်ဆိုင်ခဲ့သော စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ပြန်ရောက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မော်ရင်ဟိုက အကယ်၍ ချယ်လ်ဆီးသာ မိမိကို ပြန်လည် ခေါ်ယူပါက အက်သလက်တီကို၏ ပေါင်စတာလင် (၅၃)သန်း ခေါ်ဈေးရှိသော ကိုလံဘီယာ လက်ရွေးစင်ကိုပါ တစ်ပါတည်း ဝယ်ယူစေရန် လိုလားနေကြောင်း သိရသည်။ အသက်(၂၇)နှစ်ရှိ ဖယ်လ်ကာအိုကို ယခုတစ်ရာသီလုံး ချယ်လ်ဆီးက ပစ်မှတ် ထားခဲ့သည်။
သို့သော်လည်း ဖယ်လ်ကာအို၏ ပေါက်ဈေး မြင့်မားလွန်းခြင်းက လန်ဒန်ကလပ်အတွက် ရှေ့တိုးရန် အတန်ငယ် ခက်ခဲလျှက် ရှိသည်။ မော်ရင်ဟိုသည် ဖယ်လ်ကာအို၏ အဓိက ပရိသတ် တစ်ဦးဖြစ်ပြီး အကယ်၍ စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပြန်လည် မန်နေဂျာ ပြုလုပ်ရန် ဆွေးနွေးပါက အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျအား ဖယ်လ်ကာအို ဝယ်ယူရေး စီမံကိန်းအတွက် ဦးစွာ တိုက်တွန်းဖွယ် ရှိနေသည်။ မော်ရင်ဟိုက ဖယ်လ်ကာအိုသည် တစ်ချိန်က ၎င်းနှင့် အတွဲညီခဲ့သည့် ဒီဒီရာ ဒရော့ဂ်ဘာကဲ့သို့ အသင်း၏ ထောက်တိုင် တိုက်စစ်မှူးတစ်ဦး ဖြစ်လာရန် မျှော်လင့်လျှက် ရှိနေကြောင်းလည်း သိရှိရသည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment