Thursday, April 4, 2013

မန်စီးတီး နောက်ခံလူ ကွမ်ပနီအား ဘိုင်ယန်မြူးနစ် စောင့်ကြည့်နေ


မန်ချက်စတာ စီးတီးမန်နေဂျာ ရောဘတ်တို မန်စီနီနှင့် ဆက်ဆံရေး အကောင်းဆုံး အခြေအနေတွင် မရှိသည့်နောက် နောက်ခံလူ ဗင်းဆင့် ကွမ်ပနီအား ဘိုင်ယန်မြူးနစ် အသင်းက စောင့်ကြည့်နေကြောင်း သိရှိရသည်။
ဂျာမန်ဘွန်းဒစ်လီဂါ ဦးဆောင်သူ ကလပ်အသင်းကြီးသည် မန်စီးတီး၏ အသင်းခေါင်းဆောင် အနေဖြင့် မန်စီနီ၏ မှတ်ချက်များနှင့် စပ်လျဉ်းပြီး မည်သို့သော သဘောထား ရှိသည်ကို ထောက်လှမ်းနေနိုင်ကြောင်း သတင်းများက ဆိုသည်။ အီတလီသား မန်နေဂျာကြီးသည် ဒဏ်ရာမှ သက်သာကာစတွင် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းအတွက် ပွဲချိန်ပြည့် ကစားပေးခဲ့သည့် ကွမ်ပနီအား မလုပ်သင့်သည်ကို ရွေးချယ်ခဲ့သူဟု ဝေဖန်ခဲ့သလို ကလပ်အသင်းအပေါ် အလေးထားသင့်ကြောင်းပါ မှတ်ချက်ပြုခဲ့သည်။
ယခုရာသီ ဒဏ်ရာများကြောင့် အကောင်းဆုံး စွမ်းရည် မရသော်လည်း ပြီးခဲ့သည့် ရာသီက ကမ္ဘာ့အဆင့် ခံစစ်သမား တစ်ဦးအဖြစ် ရပ်တည်ပြခဲ့သည့် ကွမ်ပနီအား အဆိုပါ အနေအထားများတွင် ဘိုင်ယန်က ချိန်ရွယ်လာခြင်း ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ကစားသမားသည် မန်နေဂျာက ၎င်းအပေါ် ဒေါသအမျက် ထွက်နေသည်ဟု ခံစားရပါက ရာသီကုန်တွင် အစ်တီဟတ်ကို ကျောခိုင်းနိုင်ကြောင်း သတင်းများက သုံးသပ် ရေးသားခဲ့သည်။ ကွမ်ပနီသည် ဂျာမန် ဘောလုံးလောကတွင် ကောင်းစွာ အတွေ့အကြုံ ရှိနှင့်ထားပြီးဖြစ်ကာ (၂၀၀၈)ခုနှစ်က ဂျာမန်ကလပ် ဟမ်းဘာ့ဂ်မှ မန်စီးတီးသို့ ပေါင်စတာလင် (၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။
Ref:Goal
soccer myanmar

No comments:

Post a Comment