Wednesday, April 3, 2013

အမေရိကန်၌ ကား ၇၅ စီး အစုအပြုံလိုက် တိုက်မှုဖြစ်


အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်တွင် ကားပေါင်း ၇၅ စီး အစုအပြုံလိုက် တိုက်မိမှုတွင် လူသုံးဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ဖန်စီဂက်ဒေသ မြောက်ကာရိုလိုင်းနား နယ်စပ် မြောက်ပိုင်းနယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ချိန်က မြူထူထပ်နေကြောင်း၊ သေဆုံးသူ သုံးဦးရှိပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။  ယင်းအဖြစ်အပျက်ကြောင့် မြောက်ပိုင်း၊ တောင်ပိုင်းဆုံရာ ဖန်စီဂက်ဒေသတွင် လမ်းကြောများအားလုံး ပိတ်သွားရကြောင်း၊ လမ်းကြောင်းရှင်းလင်းရေး တာဝန်ရှိသူများကလည်း  အခင်းဖြစ်ရာနေရာသို့ ရောက်အောင် မြောက်ပိုင်း၊ တောင်ပိုင်း လမ်းကြောနှစ်ခုစလုံးကို အသုံးပြုနေရကြောင်း၊ လမ်းကြောရှင်းရန် ယာဉ်မောင်းများကိုလည်း လမ်းကြောမှ ပြန်ကွေ့ရန် ပြောကြားခဲ့ကြောင်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment