Monday, April 29, 2013

အီကွေဒေါနိုင်ငံ မြောက်ပိုင်း၌ မြေပြိုမှုဖြစ်ပွား၊ ၁၄ ဦး သေဆုံး


အီကွေဒေါနိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် ရုတ်တရက် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားပြီး အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း ဧပြီ ၂၅ ရက်က ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ အဆိုပါ မြေပြိုမှုသည် အီကွေဒေါနိုင်ငံမြောက်ပိုင်း အီစမာရာဒက်စ်ပြည်နယ် တာဘီတီမြို့ရှိ ကျေးရွာတစ်ရွာတွင် ဧပြီ ၂၄ ရက်က ဖြစ်ပွားခဲ့ပြီး မြေပြိုမှုကြောင့် ၁၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ နာရီပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းရာမှ ယင်းကျေးရွာအတွင်း မြေကြီးများ ပျော့ကာ အရည်ပျော်ပြီးနောက် အဆိုပါ မြေပြိုမှု ဖြစ်ပွားခဲ့သည်။ ဇန်န၀ါရီလအတွင်းကလည်း အီကွေဒေါနိုင်ငံ မြို့တော် ကွီတို အရှေ့တောင်ဘက် ကီလိုမီတာ ၃၄၀ ခန့်အကွာ ပူဘလိုနူဗိုရှိ ရွှေသတ္တုတူးဖော်ရေး တွင်းတစ်တွင်း၌ မိုးရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားရာ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

Post a Comment