Friday, April 26, 2013
ကီဆောင်စက်မှုဇုန်အရေး ဆွေးနွေးရန် တောင်ကိုရီးယား အဆိုပြု
တောင်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံ ပူးတွဲတည်ဆောက်ထားသော ကီဆောင်စက်မှုဇုန်တွင် လုပ်ငန်းများ ပြန်လည်စတင်ခြင်းအပေါ် မြောက်ကိုရီးယားနှင့် နည်းလမ်းတကျ ဆွေးနွေးမှုများ အဆိုပြုကမ်းလှမ်းလိုက်ကြောင်း ဧပြီ ၂၅ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ မြောက်ကိုရီးယားက အဆိုပါ ဆွေးနွေးမှုများ သဘောမတူခဲ့လျှင် စိုးရိမ်ဖွယ် အနေအထားများဟု တောင်ကိုရီးယား ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ကီဆောင်စက်မှုဇုန် ပုံမှန်ပြန်ဖြစ်ရေးနှင့် ဘေးဒုက္ခကြုံတွေ့နေသော ကီဆောင်အလုပ်သမားများ၏ လူသားချင်း စာနာမှုကိစ္စများကို ဖြေရှင်းရန် တောင်းကိုရီးယားနှင့် မြောက်ကိုရီးယားအာဏာပိုင်များအကြား လုပ်ငန်းအဆင့် ဆွေးနွေးမှု ပြုလုပ်ရန် အစိုးရက ယနေ့တရားဝင် အဆိုပြုကမ်းလှမ်းလိုက်ကြောင်း သိရသည်။ ပြုံယမ်းသည် ယခုလအစောပိုင်းက တောင်ကိုရီးယား အလုပ်သမား ၅၃၀၀၀ ကို အဆိုပါ စက်မှုဇုန်အတွင်းမှ ထွက်ခွာခွင့်ပြုခဲ့ပြီး စက်မှုဇုန်အတွင်းသို့ ၀င်ရောက်မှုကို ပိတ်ဆို့ထားခဲ့သည်။ ယင်းစက်မှုဇုန်အတွင်း ကျန်ရှိနေသည့် တောင်ကိုရီးယား နိုင်ငံသားများသည် အစားအစာနှင့် ဆေးဝါးပြတ်တောက်မှုများကြောင့် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေလျက်ရှိကြသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment