Thursday, April 4, 2013

လီဗာပူးလ်၏ ဘောလုံး ရာသီမှာ အခြားပြိုင်ဘက် အသင်းများ အပေါ်တွင်ပါ တည်မှီနေပြီဟု ကာရေဂါ ဝန်ခံ


လီဗာပူးလ်၏ ဘောလုံးရာသီ ဖြတ်သန်းမှုသည် အခြား အသင်းများ၏ စွမ်းဆောင်ရည် အပေါ် တည်မှီနေပြီ ဖြစ်ကြောင်း ဝါရင့် ကစားသမားကြီး ဂျင်မီကာရေဂါက ပြောကြားလိုက်သည်။
လီဗာပူးလ်သည် ယခုရာသီ ဖလားပြိုင်ပွဲ အားလုံးမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည့်နောက် ရာသီကုန် အဓိက ရည်မှန်းချက်သည် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)နေရာတွင် ပါဝင်ရေး ဖြစ်လာသည်။ လီဗာပူးလ်သည် တနင်္ဂနွေနေ့က အက်စ်တန်ဗီလာကို အဝေးကွင်းတွင် အနိုင်ရသည့်နောက် အမှတ်ပေးဇယား သတ္တမ နေရာ၌ ရှိနေဆဲ ဖြစ်သည်။ ကာရေဂါက လက်ရှိ အနေအထားအရ အသင်းအနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည့်တိုင် ပြိုင်ဘက်များ၏ အနေအထားကိုပါ မှီခိုနေရပြီဟု ဝန်ခံခဲ့သည်။
လီဗာပူးလ်၏ လက်ကျန် (၇)ပွဲတွင် (၄)ပွဲသည် အိမ်ကွင်း ပွဲစဉ်များ ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ဝက်စ်ဟမ်း ယူနိုက်တက်ကို ရင်ဆိုင် ကစားရမည် ဖြစ်သည်။ ရာသီကုန်တွင် ဘောလုံးသမား ဘဝမှ အနားယူတော့မည်ဟု ကြေညာထားသည့် အသက်(၃၅)နှစ်အရွယ် ကစားသမားကြီးက "ခုချိန်မှာ အခြေအနေ အားလုံးက တခြားအသင်းတွေ အပေါ်မှာပါ မူတည်လာပါတယ်။ ကျွန်တော်တို့ကတော့ နောက်ပွဲကိုပဲ အာရုံစိုက်ပြီး အနိုင်ရဖို့ ကြိုးစားရမှာပါ။ ကိုယ့်အထက်က အသင်းတွေအကြောင်း လောလောဆယ် မစဉ်းစားချင်သေးဘူး။ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ကစားပြီး အနိုင်ရရင် ပိုပြီး မျှော်လင့်လာနိုင်ပါမယ်။ ဒါကြောင့် ခုချိန်မှာတော့ အဝေးကြီး မျှော်မကြည့်သေးတာ ပိုကောင်းပါလိမ့်မယ်"ဟု ပြောကြားသွားသည်။

ဝက်စ်ဟမ်းသည် (၁၉၆၃)ခုနှစ် ကတည်းက အန်းဖီးလ်တွင် တစ်ကြိမ်မျှ အနိုင်မရခဲ့ဖူးကြောင်းလည်း မှတ်တမ်းများအရ သိရှိရသည်။
soccer myanmar

No comments:

Post a Comment