Thursday, April 4, 2013

CDMA 800 MHZ ဖုန်းကတ်တကတ်လျှင် ငွေကျပ် ၁၅၀၀ နှင့် ရောင်းချမည်ဟု နိုင်ငံပိုင် မီဒီယာများမှ တရားဝင်ကြေညာ


ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ရောင်းချမည့်အစီအစဉ်

၁။၂၀၁၃ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့များအစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။

၂။ရောင်းချမည့်ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ(၃၀၀)ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက်(၁၅၀၀/-)ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း(၃၅၀၀၀၀)ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများ
သို့ ရောင်းချသွားပါမည်။

၃။စတင်ရောင်းချမည့်မိုဘိုင်းဖုန်းအမျိုးအစားမှာCDMA800MHzမိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနှိင်ငံတ၀ှမ်းလုံး
သာမက နိုင်ငံရပ်ခြားသို့ပါဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။ နောင်လများတွင်GSM(2.75G),WCDMA
(3G)မိုဘိုင်းဖုန်းများကိုဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး၊ ရောင်းချမည့်အစီအစဉ်ကိုထပ်မံကြေညာပါမည်။

၎။ CDMA-800 MHz စနစ် စက်ပစ္စည်းများတပ်ဆင်ခြင်းမရှိသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် WCDMA(3G)ဖုန်းများကို နှုန်းထားတူ(၁၅၀၀/-)ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

၅။ပြည်သူများသက်သာသောနှုန်းထားဖြင့်အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်းဖြစ်ပါသဖြင့် ဖုန်းကဒ်ဝယ်ယူသည့်နေ့မှစ၍(၁၅)ရက်အတွင်းSIMCARDတွင်မှုလထည့်သွင်းပေးထားသည့်တယ်လီဖုန်းခေါ်
ဆိုခ(၃၀၀)ကျပ်မကုန်မီတယ်လီဖုန်းသုံးစွဲသူသည်အနည်းဆုံး(၅၀၀၀)ကျပ်တန်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲ
ရပါမည်။ဖုန်းကဒ်အား အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှကာကွယ်ရန်အတွက် (၁၅)ရက်အတွင်းအသုံးပြုခြင်းမရှိပါကအဆိုပါဖုန်းကဒ်သည်အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

၆။စက်ပစ္စည်းတန်ဖိုး၊စက်တပ်ဆင်မှုကုန်ကျစရိတ်များကိုတယ်လီဖုန်းပြောဆိုခများမှ ပြန်လည်စုစည်းကောက်
ခံရမည်ဖြစ်ပါသဖြင့်ဤတန်ဖိုးနည်းမိုဘိုင်းဖုန်းများကိုလစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ်(၂၅၀၀)သုံး
စွဲရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ (၅၀၀၀)ကျပ်ကို အပြည့်မသုံးစွဲပါကအလိုအလျောက်ကျပ်(၅၀၀၀)ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။တယ်
လီဖုန်းSIMCARDတွင်ဖြည့်သွင်းထားသောငွေကုန်ပြီးနောက်(၁၅)ရက်အတွင်း ငွေထပ်မံထည့်သွင်းခြင်းမရှိပါ
က အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

၇။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ အခြားလိုင်စင်ရအော်ပရေတာများမှ နိုင်ငံတ၀ှမ်းလုံးရှိပြည်သူများ ဆက်သွယ်သုံးစွဲနိုင်ရန်လုံလောက်သောမိုဘိုင်းဖုန်းများကိုတိုးချဲ့တပ်ဆင်ပြီးစီးပါကမည်သည့်ကန့်သတ်ချက်မျှမရှိတော့ဘဲ လွတ်လပ်စွာရောင်းချသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Ministry Of Information
  

No comments:

Post a Comment