Saturday, April 6, 2013

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝ န်ရှိသူ တစ်ဦး၏ပြောကြား ချက် အရ သိရသည်။  
ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်းပါဝင်မည် မဟုတ်ဘဲ သီးခြားလျှောက် ထားရမည် ဖြစ်ပြီး လျှောက်ထားရာတွင် GSM ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း အင်တာနက်မြန်နှုန်းကတော့ လတ် တလောတွင် အရမ်းကျဆင်းတာမျိုးမဖြစ်နိုင်ကြောင်း အဆိုပါတာဝန်ရှိသူကမှတ်ချက်ပြုသည်။မိုဘိုင်း ဖုန်း သုံးစွဲသူအများစုသည် SIM ကတ်ဈေးနှုန်းများ ချပေးလိုက်သည့် အတွက် အင်တာနက် တပ်ဆင်ခ ကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင်အသုံးပြုခွင့်ပြုထားရာ လူ တစ်ဦး ချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆများစွာမြင့် တက်လာကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment