Wednesday, April 3, 2013
အမေရိကန်က F-22 တိုက်လေယာဉ်များ တောင်ကိုရီးယားသို့ ပေးပို့
ကိုရီးယားကျွန်းဆွယ်ပေါ် တင်းမာမှုများ အရှိန်မြင့်မားလာသည့် အတောအတွင်း တောင်ကိုရီးယားနှင့် ပူးပေါင်းစစ်ရေး လေ့ကျင့်ရန် ရေဒါဖမ်းယူရန် ခက်ခဲ့သည့် F-22 ဂျက်တိုက်လေယာဉ်များကို အမေရိကန်က တောင်ကိုရီးယားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း ဧပြီ ၁ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ရေဒါရှောင်ကွင်းနိုင်ပြီး အဆင့်မြှင့်တင်ထားသော F-22 Raptors ဂျက်တိုက်လေယာဉ်များကို တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန် အဓိကလေတပ် အခြေစိုက်စခန်းဖြစ်သည့် အိုဆန်လေတပ်စခန်းသို့ မတ် ၃၁ ရက်က ဖြန့်ကြက်ချထားပေးခဲ့ကြောင်း တောင်ကိုရီးယားရှိ အမေရိကန် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။ မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှုများကို စစ်ရေးအရ ရင်ဆိုင်ရာတွင် တောင်ကိုရီးယားအား ကာကွယ်ရန် ၀ါရှင်တန်၏ ကတိက၀တ် ထားချက်တစ်ရပ်အနေဖြင့် အဆိုပါ ဂျက်တိုက်လေယာဉ်များ ဖြန့်ကြက်ချထားပေးခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားသည်။ (ဘီဘီစီ)
khitlunge

No comments:
Post a Comment