Wednesday, April 3, 2013

ရွန်နီကို နှစ်သက် သဘောကျကြောင်း PSGအသင်း ဥက္ကဋ္ဌ ဝန်ခံ


မိမိတို့ အသင်း အနေဖြင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို နှစ်သက် သဘောကျမိကြောင်း PSGအသင်း ဥက္ကဋ္ဌက ထုတ်ဖော် ပြောကြားလိုက်သည်။
အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ယခုရာသီ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာနိုင်ကြောင်း သတင်းကြီးခဲ့သေးပြီး လတ်တလောတွင် ပေါင်ခြံဒဏ်ရာကြောင့် အသင်း၏ ပွဲစဉ်များတွင် ပါဝင် မကစားနိုင်ချေ။ ဓနအင်အား အလွန်တောင့်တင်းသည့် ပြင်သစ်ထိပ်တန်း ကလပ်သည် ရွန်နီကို ခေါ်ယူဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြနေချိန်တွင် ယင်းကို အတိအလင်း ဝန်ခံရန် PSGဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ငြင်းဆိုခဲ့သော်လည်း ကစားသမားကိုမူ သဘောကျကြောင်း ဖွင့်ဟသွားခဲ့သည်။
ခီလိုင်ဖီက "ခုဆိုရင် ကျွန်တော်တို့ အသင်းကို ကစားသမား တော်တော်များများက စိတ်ဝင်စားလာပါပြီ။ ကျွန်တော်တို့ ကာတာလုပ်ငန်းရှင်တွေက PSGကို ဝယ်လိုက်တာနဲ့ ဒီကိစ္စ သိပ်မဆိုင်ပါဘူး။ ရွန်နီအကြောင်း ပြောရရင်တော့ သူဟာ သိပ်ထူးချွန်တဲ့ ကစားသမားပါ။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူး တစ်ယောက်လည်း ဖြစ်ပြန်ပါတယ်။ သူလို ကစားသမားမျိုးကို ပိုင်ဆိုင်မယ်ဆိုရင် ဘယ်သူမဆို ကျေနပ် ပျော်ရွှင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ သူ့အတွက် ဘာချဉ်းကပ်မှုမှ လုပ်မထားပါဘူး"ဟု ပြောကြားသွားသည်။ 
Ref: Daily Mail
soccer myanmar

No comments:

Post a Comment