Saturday, April 6, 2013

ရာဇဝတ်သားများ၏ ဦးနှောက်ကို Scan ဖတ်ပြီး နောက်ထပ်ကျူးလွန်နိုင်ဖွယ် ရှိမရှိသိနိုင်ပြီ


အမေရိကန် နိုင်ငံမှ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက အကျဉ်းကျ ခံနေရသော ရာဇဝတ် သားများ၏ ဦးနှောက်ကို ကွန်ပျူတာဖြင့် Scan ဖတ်ကြည့်ပြီး နောက်တစ်ကြိမ် ရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ် ရှိမရှိ ခန့်မှန်းနိုင်ပြီဟု သိရသည်။ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက ထောင်သားများ၏ ဦးနှောက် အလုပ်လုပ်ပုံကို အဆင့်မြင့် သိပ္ပံ ဆေးပညာကို အသုံး ချပြီး သုတေသန ပြုလုပ်ခဲ့သည်ဟု သိရ သည်။ ၎င်းတို့၏ တွေ့ရှိချက်အရ ထောင် သားများသည် ကွန်ပျူတာမှ စေခိုင်းချက် များကို ပြန်လည် တုန့်ပြန်ခြင်း ပြုလုပ်ရာ တွင် တုန့်ပြန်မှု နှေးကွေးသော သူများသည် နောက်တစ်ကြိမ် ရာဇဝတ်မှု ထပ်မံကျူး လွန်နိုင်ဖွယ် ရှ်ိကြောင်း တွေ့ရှိခဲ့ကြသည်။ Albuquerque မြို့ရှိ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သုတေသန အဖွဲ့မှ သုတေသီ Kent Kiehl ဆိုသူက ထောင်မှ လွတ်သွားသော ထောင်ထွက် အမျိုးသား ၉၆ ယောက်ကို အခြေခံပြီး အဆိုပါ သုတေသန ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။  

မောင်လင်းသန့်
Pyimyanmar Journal

No comments:

Post a Comment