ဆီးရီးယားတွင် ကားဗုံးပေါက်ကွဲ၊ ၀န်ကြီးချုပ် အသက်ဘေးမှလွတ်မြောက်
ဆီးရီးယားဝန်ကြီးချုပ်
ဝေးလ်အယ်လ်လာဟာကီသည် မြို့တော် ဒမတ်စကတ်၌ ဧပြီ ၂၉ ရက်က
ကားဗုံးပေါက်ကွဲမှုတွင် အသက်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်ဟု ဘီဘီစီ
သတင်းတွင် ဖော်ပြထားသည်။ မာဇတ်ခ်ျဒေသ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော
ကားဗုံးပေါက်ကွဲမှုသည် ဆီးရီးယားဝန်ကြီးချုပ်၏ ယာဉ်တန်းကို
ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူတစ်ဦးရှိကြောင်း
အစိုးရရုပ်သံဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင်
ဝန်ကြီးချုပ်၏ သက်တော်စောင့်တစ်ဦး သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက်
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
(ဘီဘီစီ)
khitlunge
No comments:
Post a Comment