နျူကလီးယားရေငုပ်သင်္ဘော အစင်း ၄၀ ရုရှားပိုင်ဆိုင်
ရုရှားရေတပ်သည်
လတ်တလော ပြုပြင်မွမ်းမံဆဲ နျူကလီးယား ရေငုပ်သဘော သုံးစင်းကို ၂၀၁၃
ခုနှစ်မကုန်မီ ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း ပရက်စ်တီဗွီတွင်
ဖော်ပြသည်။ နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေးအင်ဂျင် ချွတ်ယွင်း၍ ၂၀၁၀
ခုနှစ်တွင် ဒေါကတင်ထားသော ပဲ့ထိန်းဒုံးကျည် တပ် K-150 Tomsk
ရေငုပ်သင်္ဘောနှင့် ၂၀၁၀ ခုနှစ်ကတည်းက K-149 Kughuss ပြင်ဆင်ဆဲ တိုက်ခိုက်ရေး
ရေငုပ်သင်္ဘောနှစ်စင်းတို့ကိုလည်း ယင်းရေယာဉ်အုပ်စုတွင်
အသုံးပြုသွားမည်ဖြစ်သည်။ ရုရှားနိုင်ငံသည် နျူကလီးယား ရေငုပ်သင်္ဘော အစင်း ၄၀
ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်ပြီး ယင်းတို့အနက်မှ အစင်း ၂၀ ကို
ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင် မွမ်းမံခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း
သိရသည်။ (ပရက်စ်တီဗွီ)
khitlunge
No comments:
Post a Comment