Friday, May 24, 2013
လူဝင်မှုကြီးကြပ်ရေး ဥပဒေမူကြမ်း အမေရိကန်ဆီးနိတ်ကော်မတီ အတည်ပြု
အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်အရ ယင်းနိုင်ငံ၌ တရားမ၀င် နေထိုင်သူ လူသန်းပေါင်းများစွာအနေဖြင့် နိုင်ငံသားခံယူရန် အခွင့်အရေးတစ်ရပ်ကို ရရှိနိုင်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၂ ရက်တွင် ဖော်ပြသည်။ အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေမူကြမ်းကို အထက်လွှတ်တော် (ဆီးနိတ်) ကော်မတီတစ်ရပ်က မေ ၂၁ ရက်တွင် ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်မဲ ၅ မဲဖြင့် အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေကြမ်းသည် အမေရိကန်၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒကို အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေမူကြမ်းကို ရီပတ်ဘလီကန် အမတ်များက ထောက်ခံကြသည်။ ဥပဒေမူကြမ်းကို အထက်လွှတ်တော်ရှိ တရားရေးရာ ကော်မတီက အတည်ပြုနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတ ဘားရက်အိုဘားမားက ကြေညာချက်ထုတ်ပြန် ချီးကျူးခဲ့သည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment