Sunday, May 12, 2013

နိုင်ငံတကာ အာကာသစခန်းယာဉ်၌ အမိုးနီးယား သိုလှောင်ကန်ယိုစိမ့်


နိုင်ငံတကာ အာကာသစခန်းယာဉ်ပေါ်တွင် အမိုးနီးယားသိုလှောင်ကန်မှ ဓာတ်ငွေ့နှင့် ဓာတ်ငွေ့ရည်များ စိမ့်ထွက်နေသည်ကို အာကာသယာဉ်မှူးများက တွေ့ရှိခဲ့ကြောင်း မေ ၁၀ ရက်၌ နာဆာမှ သတင်းထုတ်ပြန်သည်။ အာကာသယာဉ်စခန်းမှ အမိုးနီးယား သိုလှောင်ကန် ယိုစိမ့်ထွက်မှုကြောင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များသည် သက်ရှိ သတ္တ၀ါများကို ထိခိုက်နိုင်မှု မရှိကြောင်း၊ နိုင်ငံတကာ အာကာသယာဉ်စခန်း အပြင်ဘက်သို့ အဖြူရောင်တန်းများ ထွက်ပေါ်နေကြောင် သိရသည်။ ယင်းအမိုးနီးယား သိုလှောင်ကန်သည် နိုင်ငံတကာ အာကာသယာဉ်စခန်း၏ အင်ဂျင်စနစ်ကို အအေးပေးရာတွင် အသုံးပြုထားခြင်းဖြစ်သည်။ သို့သော် လောလောဆယ်တွင် မည်သို့မျှ ထိခိုက်မှုမရှိဘဲ နိုင်ငံတကာ အာကာသစခန်းယာဉ်မှာ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အမိုးနီးယားဓာတ်ငွေ့များ စိမ့်ထွက်မှုကြောင့် နိုင်ငံတကာ အာကာသယာဉ်စခန်း၏ အအေးပေးစနစ်ကို ၄၈ နာရီကြာ ပိတ်ထားခဲ့ပြီးနောက် ပြန်လည်ပြင်ဆင် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment