ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပြိုကျမှု သေဆုံးသူ ၁၀၀၀ ကျော်အထိရှိလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌
စက်ရုံ အဆောက်အအုံပြိုကျမှုမှာ သေဆုံးသူ အရေအတွက်သည် ၁၀၀၀ ကျော် အထိ
ရှိလာကြောင်း အစိုးရ စစ်ဘက် တာဝန်ရှိသူများက ပြောကြားသည်။ မြို့တော်
ဒါကာအပြင်ဘက်ရှိ ယင်းပြိုကျ အဆောက်အအုံ၏ အပျက်အစီးများတွင် ရုပ်အလောင်း
အများအပြား ထပ်မံ တွေ့ရှိခဲ့ပြီးနောက် အဆိုပါ သေဆုံးမှု အရေအတွက်သည်
တစ်ဟုန်ထိုး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယင်းမတော်တဆဖြစ်ပွားမှုတွင်
ဒဏ်ရာရရှိသူမှာ ၂၅၀၀ ရှိကြောင်း၊ ကယ်ဆယ်ခဲ့ရသူ ၂၄၃၇ ဦးရှိကြောင်း
ကယ်ဆယ်ရေး လုပ်ငန်းများကို မေ ၁၀ ရက်တွင် အဆုံးသတ်မည်ဟု
မျှော်လင့်ထားကြောင်း အာဏာပိုင်များက ပြောကြားသည်။
(အေအက်ဖ်ပီ)
khitlunge
No comments:
Post a Comment