Sunday, May 12, 2013

မြောက်ကိုရီးယားကို ကုလစုံစမ်းမည်


ကုလသမဂ္ဂက မြောက်ကိုရီးယားသို့ စေလွှတ်ရန် လူ့အခွင့်အရေး စုံစမ်းရေး အဖွဲ့ဝင် သုံးဦး ရွေးချယ်လိုက်ပြီဖြစ်သည်။ တရားသူကြီးဟောင်း မိုက်ကယ်ကာဘိုင်သည် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သဘာပတိအဖြစ် ဆောင်ရွက်မည်ဟု ဆိုသည်။ ၄င်းသည် ကုလသမဂ္ဂ အထူးသံတမန် မာဇူကီဒါရပ်စမန်းနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆွန်ဂျာဘစ်ဆာကိုတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။ ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အကျဉ်းစခန်းများ၌ စစ်ဆေး၍ ညှင်းပန်းနှိပ်စက်ခြင်းနှင့် စားနပ်ရိက္ခာများ အပြည့်အ၀ မပေးခြငးတို့နှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးကာ ၂၀၁၄ ခုနှစ် မတ်လတွင် ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည်။ ယခင် မြောက်ကိုရီးယားက စုံစမ်းစစ်ဆေးမှုကို ပယ်ချခဲ့သည်။ ယခု မြောက်ကိုရီးယားက စုံစမ်းစစ်ဆေးခွင့်ပြုမည်ဟု ဆိုသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment