Friday, May 24, 2013

အီရတ်တွင် အကြမ်းဖက်မှုများဖြစ်ပွား


အီရတ်နိုင်ငံတစ်ဝန်းတွင် မေ ၂၁ ရက်က အကြမ်းဖက်မှုများ ဖြစ်ပွားရာ ၁၅ ဦထက်မနည်း သေဆုံး၍ ၉၀ ဒဏ်ရာရရှိကြောင်း သိရသည်။ အီရတ်နိုင်ငံ ဘဂ္ဂဒက်အနောက်ဘက်မှ ၂၅ ကီလိုမီတာ ကွာဝေးသော အဘူဂါရိပ်ဒေသရှိ ဘာသာရေး အဆောက်အအုံအနီးတွင် မေ ၂၁ ရက် ညနေပိုင်းက ကားဗုံးတစ်လုံး ပေါက်ကွဲရာ လူရှစ်ဦးထက်မနည်း သေဆုံး၍ ၁၅ ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ အဆောက်အအုံများနှင့် အရပ်သားကားများ ပျက်စီးသွားကြောင်း ၄င်းက ပြောကြားသည်။ ဘဂ္ဂဒက်မြို့ မြောက်ဘက်မှ ကီလိုမီတာ ၃၀ ကွာဝေးသော တာမီယာဒေသရှိ အီရတ်စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းတစ်ခုတွင် ယင်းနေ့ နံနက် စောစောပိုင်းက သေနတ်သမားများ၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် အီရတ်တပ်ဖွဲ့ဝင် သုံးဦး သေဆုံး၍ ခုနစ်ဦး ဒဏ်ရာရရှိကြောင်း၊ ထိုစဉ်အတွင်း ဘဂ္ဂဒက်မြောက်ဘက်မှ ကီလိုမီတာ ၁၇၀ ကွာဝေးသော တာ့ဇ်ခိုမာတို ဒေသ ဟူစိန်ခရိုင်တွင် ကားဗုံးနှစ်လုံး ပေါက်ကွဲရာ လူသုံးဦးသေဆုံး၍ ၄၃ ဦးကျော် ဒဏ်ရာရရှိကြောင်း သိရသည်။ ဘဂ္ဂဒက်မြောက်ဘက်မှ ကီလိုမီတာ ၂၅၀ ကွာဝေးသော ကီရာကာ့စ်ဒေသ အော်ရာဘာခရိုင်တွင် ဈေးတစ်ဈေးအတွင်း ဗုံးသုံးလုံး ပေါက်ကွဲရာ အရပ်သားတစ်ဦး သေဆုံး၍ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment