Wednesday, May 1, 2013

ပစိဖိတ်သမုဒ္ဒရာအတွင်း မိုးပျံပူဖောင်းပျက်ကျ


ပစိဖိတ် သမုဒ္ဒရာအတွင်း မိုးပျံပူဖောင်း ပျက်ကျသွားခဲ့ပြီးနောက် လူနှစ်ဦး ပျောက်ဆုံးနေကြောင်း ပီရူးတာဝန်ရှိသူများက ပြောကြားချက်ကို ဧပြီ ၂၉ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ အဆိုပါ မိုးပျံပူဖောင်းနှင့်အတူ စီးနင်းလိုက်ပါသွားသော အမျိုးသမီးငါးဦးအား ကယ်ဆယ်နိုင်ခဲ့သော်လည်း မိုးပျံပူဖောင်းမောင်းနှင်သူနှင့် အခြားအမျိုးသားတစ်ဦးမှာ တွေ့ရှိခြင်းမရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ၄င်းမိုးပျံပူဖောင်းစီးသူများသည် အသက်ကယ်အင်္ကျီ တစ်ဦးမျှ ၀တ်ဆင်ထားခြင်းမရှိသည့်အတွက် ပီရူးပြည်ထဲရေးဝန်ကြီးပတ်ဒရာဇာက မိုးပျံပူဖောင်း ပိုင်ရှင်ဂလိုဘော့စ်ပီရူး အက်စ်အေစီကို အပြစ်ဖို့ပြောဆိုလျက်ရှိသည်။ ပီရူးရေတပ်၊ လေတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပျောက်ဆုံးသူနှစ်ဦးအား ပင်လယ်အတွင်း ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ စေတနာ့ဝန်ထမ်းများကလည်း ကိုယ်ပိုင်လှေများဖြင့် ၀ိုင်းဝန်းရှာဖွေပေးလျက်ရှိသည်။ မိုးပျံပူဖောင်းနှင့်အတူ လိုက်ပါသွားသော အမျိုးသမီးငါးဦးသည် မိုးပျံပူဖောင်းခြင်းတောင်းအတွင်း ရှိနေကြပြီး အဆိုပါ ပျောက်ဆုံးသူများသည် ကမ်းခြေသို့ ရေကူးကြဟန်ရှိသည်ဟု သိရသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment