Thursday, May 16, 2013

ရခိုင်ပြည်နယ် မုန်တိုင်း အန္တရာယ်မှ ကင်းလွှတ်သွားပြီ


မဟာစင် မုန်တိုင်းသည် ယခုအခါ အထူး အားပျော့သွားပြီး တစ်နာရီ ၂၅ ကီလိုမီတာ အဆင့်တွင်သာ ရှိတော့ သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနက ပြောသည်။
လာမည့် လေးနာရီ (သို့မဟုတ်) ငါးနာရီခန့်အကြာတွင် စစ်တကောင်းနှင့်န၀ါခါလီမြို့ အကြားမှ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ဆိုသည်။

သို့အတွက် ရခိုင်ပြည်နယ်သည် ယခုအခါ မဟာစင်မုန်တိုင်း ဘေးအန္တရာယ်မှကင်းလွှတ်သွား ခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

narinjara

No comments:

Post a Comment