Wednesday, May 1, 2013
ရာသီကုန်တွင် ဖာနန်ဒင်ဟိုကို ဝယ်ယူနိုင်ရန် ညှိနှိုင်းနေသည့် မန်စီးတီး
မန်ချက်စတာ စီးတီးအသင်းသည် ရှက်တာဒိုးနက်ခ် အသင်း၏ ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒင်ဟိုကို ခေါ်ယူရန် အပြီးသတ် ညှိနှိုင်းလျှက် ရှိကြောင်း သိရှိရသည်။
အင်္ဂလန် ချန်ပီယံဆုကို စောစီးစွာ လက်လွှတ် ဆုံးရှုံးခဲ့ရသော မန်စီးတီးသည် နွေရာသီတွင် အသင်းအင်အားကို ဖြည့်တင်းရန် စီစဉ်မှုများ ပြုလုပ်နေရာ ပေါင်စတာလင် (၂၃)သန်း ခေါ်ဈေးရှိသော ဘရာဇီးလ်သားသည် ဦးစွာ ချိတ်ဆက်မှု ဖြစ်လာသည်။ အသက်(၂၇)နှစ်ရှိ ကစားသမားသည် ယခုရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်များတွင် ထင်ထင်ပေါ်ပေါ် ခြေစွမ်းပြ ကစားပြီးနောက် အင်္ဂလန် ကလပ်အသင်း အချို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သတင်းများက ယခုအခါ ဖာနန်ဒင်ဟိုအတွက် နှစ်သင်း ညှိနှိုင်းမှုမှာ တိုးတက်မှုများစွာ ရှိနေပြီဟု ဖော်ပြခဲ့ကြသည်။
မန်စီးတီးသည် တိုလူကာအသင်းမှ နောက်ခံလူ ဒီယေဂို နိုဗာရက်တီကို ခေါ်ယူရန် အတွက်လည်း လှုပ်ရှားနေသည်။ အသက်(၂၇)နှစ်ရှိ ကစားသမားကို မန်စီးတီး အနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။ ၎င်းသည် အီတလီနိုင်ငံသား ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားသဖြင့် အလုပ်လုပ်ခွင့်ပါမစ် ပြဿနာမျိုး ကြုံရမည် မဟုတ်ချေ။ အရပ်(၆)ပေ၊ (၅)လက်မမြင့်သော ဗဟိုခံစစ်မှူးကို မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ကိုလိုတိုရေးနှင့် ဂျိုလီယန်လက်စ်ကော့တ်တို့ နေရာ၌ အစားထိုးရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment