Sunday, May 5, 2013

ဘင်္ဂလားဒေ့ရှ်၌ အထည်ချုပ်စက်ရုံပြိုကျခဲ့မှု ဆာဗာမြို့တော်ဝန်ကို ရာထူးမှခေတ္တချ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် ရက်သတ္တပတ်က အထည်ချုပ်စက်ရုံတစ်ရုံ ပြိုကျခဲ့မှုနှင့်ပတ်သက်၍ တာဝန်ရှိသူ ဆာဗာမြို့တော်ဝန်အား ရာထူးမှခေတ္တချထားရန် အာဏာပိုင်များက မေ ၂ ရက်တွင် ညွှန်ကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ခေတ္တရာထူးချခံရသူမှာ မိုဟာမက်ရီဖာယက်အူလာ ဆိုသူဖြစ်ပြီး ၄င်းသည် အဆောက်အအုံပြိုကျမှု မဖြစ်ပွားမီ တစ်ရက်အလိုက အဆောက်အအုံ၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းရာများ ဖြစ်ပေါ်လာမှုနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ဒေသန္တရအစိုးရအဖွဲ့၏ အတွင်းရေးမှူး အဘူအလမ်ရှာဟစ်ခန်းက ပြောကြားသည်။ အူလာသည် ဆာဗာမြို့၏ မြို့တော်ဝန်အဖြစ် ၁၄ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အဆိုပါမြို့မှာ အထည်ချုပ်စက်ရုံ အများအပြား အခြေစိုက်ရာ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ အဆိုပါမြို့ရှိ အထည်ချုပ်စက်ရုံ ပြိုကျခဲ့မှုကြောင့် လူပေါင်း ၄၂၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အဆိုးရွားဆုံးသော စက်မှုလုပ်ငန်းဆိုင်ရာ ဘေးဥပဒ် ကျရောက်မှုဖြစ်သည်။ စက်ရုံပြိုကျမှုဖြစ်ရပ်နှင့် ပတ်သက်၍ အရေးယူခံရသူများအနက် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်မှာ မြို့တော်ဝန် အူလာဖြစ်ကြောင်း၊ ၄င်းကို တရားဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ဒေသန္တရ အစိုးရအဖွဲ့က ပြောကြားသည်။ (အေအက်ဖ်ပီ)
khitlunge

No comments:

Post a Comment