Thursday, June 13, 2013

ကာဘာယီကို ခေါ်ယူရန် စိတ်ဝင်စား နေသည့် မိုနာကို


နယူးကာဆယ်လ် ယူနိုက်တက် ကွင်းလယ်လူ ယိုဟန်ကာဘာယီကို ခေါ်ယူရန် မိုနာကို အသင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သိရှိရသည်။
အသင်း အင်အားကို မွမ်းမံ တည်ဆောက်မှုများ ပြုလုပ်နေသည့် ပြင်သစ် တန်းတက် အသင်းသည် ပြင်သစ် လက်ရွေးစင် ကာဘာယီ၏ အနေအထားကို လေ့လာလျှက် ရှိသည်။ ကာဘာယီ ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ ကစားလိုကြောင်း ထုတ်ဖော် ဝန်ခံထားပြီး စိန့်ဂျိမ်းပါ့ခ်မှ ထွက်ခွာလိုသည့် ၎င်း၏ သဘောထားကို ဖွင့်ဟပြခဲ့သည်။ ပရီးမီးယား လိဂ်၏ ခြေစွမ်း တည်ငြိမ်သော ကစားသမား တစ်ဦးအဖြစ် ရပ်တည်ပြခဲ့သည့် ကာဘာယီကို အီတလီ စီးရီးအေ ကလပ် အချို့ကလည်း စိတ်ဝင်စား နေသည်။
ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ် အနေဖြင့်မူ ကာဘာယီနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လှုပ်ရှားသည့် အခြေအနေမျိုး မရှိသေးဟု ယူဆရသည်။ မိုနာကိုသည် ကွင်းလယ်အတွက် ပေါ်တိုအသင်းမှ ဂျိုအို မော်တင်ဟိုကို ခေါ်ယူထားပြီး ဖြစ်သလို ယခုအခါ ကာဘာယီကိုလည်း စိတ်ဝင်စားလာခြင်း ဖြစ်သည်။ မိုနာကိုသည် ဘာစီလိုနာမှ ထွက်ခွာလာပြီ ဖြစ်သည့် ပြင်သစ်ဝါရင့် နောက်ခံ ကစားသမား အဲရစ် အဘီဒယ်လ်ကိုလည်း ဆက်သွယ်နေသည်။ မိုနာကို အသင်း၏ အမှုဆောင်ချုပ် ဗာဒင်မ် ဗာဆီလ်ယက်ဗ်က ကာဘာယီနှင့် အဘီဒယ်လ် တို့ကို စိတ်ဝင်စားကြောင်း အတည် ပြုခဲ့သည်။

၎င်းက "ကာဘာယီလား။ သူက စိတ်လှုပ်ရှားစရာ ကစားသမား ဆိုတာ အမှန်ပဲလေ။ ပြီးတော့ အဘီဒယ်လ်ပေါ့။ သန်မာတဲ့ ကစားသမားကောင်း တစ်ယောက်ပဲ။ သူသာ ပြင်သစ်လီဂူးကို ပြန်လာမယ် ဆိုရင် အားလုံး အတွက် ကျေနပ်စရာပဲ မဟုတ်လား" ဟု မှတ်ချက် ပြုသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment