Monday, June 10, 2013
ဆီဗီးလား တောင်ပံလူ အဲလ်ဘာတိုကို ခေါ်ယူရန် ကြိုးပမ်းနေသည့် လီဗာပူးလ်
လီဗာပူးလ် အသင်းသည် ဆီဗီးလား တောင်ပံလူ လူးဝစ် အဲလ်ဘာတိုကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
လီဗာပူးလ်သည် တက်သစ်စ စပိန်လူငယ် ကစားသမားလေး အတွက် အလေးအနက် ချိတ်ဆက်နေပြီး လက်တွေ့ ဝယ်ယူနိုင်ရန် နီးစပ်နေပြီဟု သတင်းများက ဆိုသည်။ အသက်(၂၀) အရွယ်သာ ရှိသေးသည့် အဲလ်ဘာတိုအတွက် လီဗာပူးလ်က ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၅)သန်းဖြင့် ကမ်းလှမ်းထားခြင်း ဖြစ်သည်။ အဲလ်ဘာတိုသည် ယခုနွေရာသီတွင် ဂျီးဆက်စ်နာဗက်စ် တစ်ယောက် မန်ချက်စတာ စီးတီးသို့ ပြောင်းရွှေ့သွားပြီးနောက် ဆီဗီးလားကို စွန့်ခွာမည့် ဒုတိယမြောက် တောင်ပံ ကစားသမား ဖြစ်လာဖွယ် ရှိသည်။
လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် အသင်းကို အားဖြည့် မွမ်းမံမှုများ ပြုလုပ်ရန် ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး လတ်တလောတွင် စပိန်လာလီဂါ ပစ်မှတ်များကို အဓိက ချိန်ရွယ်လျှက် ရှိသည်။ အဲလ်ဘာတိုသည် ဘာစီလိုနာ အရန်အသင်းတွင် အငှားသွားရောက် ကစားဖူးပြီး လတ်တလောတွင် ဆီဗီးလား၌ ဆက်ကစားရန် ရည်ရွယ်ထားသည်။ လီဗာပူးလ်သည် ကနဦး ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၅)သန်းဖြင့် ကမ်းလှမ်းမှု မအောင်မြင်ပါက ကစားသမား၏ စွမ်းဆောင်ရည်အလိုက် နောက်ထပ် စတာလင်ပေါင် (၃)သန်းမျှ တိုးပေးသွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment