Thursday, June 6, 2013

စင်ကာပူ၌ နေအိမ်ခန်းများ တည်ဆောက်ဖြည့်ဆည်းမှု ၂၀၁၅ ခုနှစ် နောက်ပိုင်း လျှော့ချသွားမည်


စင်ကာပူနိုင်ငံသည် ပြည်သူများ၏ နေအိမ်ခန်း လိုအပ်ချက်များကို တိုးမြှင့်ဖြည့်ဆည်း ပေးလျက်ရှိရာ ၂၀၁၁ခုနှစ်ကတည်းကတဖြည်းဖြည်း နေအိမ်လိုအပ်ချက် လျော့နည်းလာလျက်ရှိပြီး ဈေးကွက်၌ နေအိမ်
ခန်းများ ပိုလျှံမှုမှ ကာကွယ်ရန် ၂၀၁၅ ခုနှစ် နောက်ပိုင်း နေအိမ်ခန်း ဖြည့်ဆည်းပေးမှုများ လျှော့ချ သွားတော့မည်ဖြစ်ကြောင်း စင်ကာပူ မီဒီယာများက ဇွန် ၄ ရက်တွင် ဖော်ပြသည်။ စင်ကာပူသည် ၂၀၁၁ ခုနှစ်တွင် ပြည်သူများ၏ နေအိမ်လိုအပ်မှုကို ဖြည့်ဆည်ပေးသည့် အနေဖြင့် အိမ်ခန်း ၂၅၀၀၀ ခန့်သာ ရောင်းချပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နေအိမ်ခန်းပေါင်း ၂၇၀၀၀ ထပ်မံ ရောင်းချပေးခဲ့သည်။ ထို့အတူ ယခုနှစ်တွင် နေအိမ်ခန်းပေါင်း ၂၅၀၀၀ ခန့် ရောင်းချပေးရန် စီစဉ်ထားသည်။ စင်ကာပူတွင် အိမ်ခန်းများ ၀ယ်ယူမှု နည်းပါးလျက်ရှိရာ ရေရှည်တွင် ဆက်လက် ထိန်းထားနိုင်ဖွယ် မရှိကြောင်း စင်ကာပူနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၀န်ကြီး ကျူဘွန်ဝမ်က ပြောကြားသည်။ သို့သော် မိမိတို့ စိုးရိမ်စရာ မရှိကြောင်း၊ တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအလိုက် အခန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ စင်ကာပူ၌ တစ်နှစ်လျှင် အိမ်ခန်း ၂၅၀၀၀ တည်ဆောက်လျက်ရှိနေမှုအစား နှစ်စဉ်မိသားစု သစ် ၁၅၀၀၀ ခန့်အတွက် ဖြည့်ဆည်းပေးနိုင်ရန် အတွက်သာ တည်ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment