Wednesday, June 5, 2013

အီရန်သမ္မတ၏ ရဟတ်ယာဉ် အရေးပေါ်ဆင်းခဲ့ရ


အီရန်သမ္မတ အာမက်ဒီနီဂျက် စီးနင်းလိုက်ပါလာသော ရဟတ်ယာဉ်သည် တီဟီရန်မြို့ မြောက်ပိုင်း တောတောင်ထူထပ်သော မြေပြင်တစ်နေရာသို့ ဇွန် ၂ ရက်က အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း အီရန်သမ္မတ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အီရန်သမ္မတသည် မော်တော်ကားလမ်း ဥမင်တစ်ခု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် အခြားအရာရှိများနှင့်အတူ ရဟတ်ယာဉ်ဖြင့် လာရောက်စဉ် လမ်းခရီး၌ မြေပြင်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။ အီရန်သမ္မတ လိုက်ပါလာသော ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ရသည့် နေရာမှာ အယ်ဘော့စ် တောင်တန်းဒေသတွင်ဖြစ်ပြီး ရဟတ်ယာဉ် မတော်တဆ ချွတ်ယွင်းမှုဖြစ်ရပ်ကြောင့် ထိုသို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။ ရဟတ်ယာဉ် မတော်တဆမှုတွင် လေယာဉ်မှူးများက ကျွမ်းကျင်စွာ ထိန်းသိမ်းမောင်းနှင်နိုင်သဖြင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘဲ မြေပြင်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ သမ္မတနှင့်အတူ လိုက်ပါလာသည့် အရာရှိများလည်း ဘေးကင်းခဲ့သည်။ ရဟတ်ယာဉ် မတော်တဆဖြစ်ရပ်မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို သတင်းအတိအကျ မထုတ်ပြန်သေးကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment