Friday, June 28, 2013

အမျိုးသမီးများ ဒုတိယ ရဲအုပ်လောင်း လျှောက်ထားနိုင်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမျိုးသမီး ဒုတိယ ရဲအုပ်လောင်း များကို နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြင်ပမှ အရပ်သူများ လျှောက်ထားနိုင်ကြောင်း စတင် ခေါ်ယူခဲ့သည်။
ယခင် အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီး၊ စုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးတို့မှ ဘွဲ့ရအသက်ပြည့်မီသူ အမျိုးသမီးများအား ဒုတိယ ရဲအုပ် ခန့်ထားခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် အသက်မွေးဝမ်းကျောင်း ဘွဲ့ရသူများနှင့် နိုင်ငံခြား ဘာသာဘွဲ့ တစ်ခုခု ရရှိထားသူ အမျိုးသမီးများကို စတင် ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
ဘာသာစကား ကျွမ်းကျင်သူ ခေတ်ပညာတတ်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ ဝင်လာပါက နိုင်ငံခြားသား များနှင့် ပတ်သက်သည့် အမှုအခင်းများကို ပိုမို ထိရောက်စွာ ကိုင်တွယ် နိုင်မည် ဖြစ်ကြောင်း၊
နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ရင်ပေါင်တန်း နိုင်မည် ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီး တစ်ဦးက ပြောကြားသည်။ ဒုတိယ ရဲအုပ်လောင်း တစ်ဦး၏ အခြေခံ လစာနှုန်းမှာ ငွေကျပ် ၈၅ဝဝဝ ဖြစ်ပြီး နှစ်တိုး နှုန်းထား မှာ ငွေကျပ် ၁ဝဝဝ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment