Friday, June 28, 2013
ဝေလငါး ဖမ်းဆီးမှုဆိုင်ရာ အငြင်းပွားမှု နိုင်ငံတကာ တရားရုံတွင် ကြားနာစစ်ဆး
သြစတြေးလျနျင့် ဂျပန်တို့အကြား ဝေလငါးဖမ်းဆီးမှုဆိုင်ရာ အငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာတရားရုံးတွင် လူထုတရားခွင် ကြားနာစစ်ဆေးမှုကို ဇွန် ၂၆ ရက်တွင် စတင်ပြုလုပ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ဂျပန်နိုင်ငံသည် သိပ္ပံရေးရာ သုတေသန အစီအစဉ်အတွက် ဝေလငါး ဖမ်းဆီးမှု ပြုလုပ်သည်ဆိုခြင်းမှာ မှန်ကန်ခြင်းမရှိဘဲ ဝေလငါးများကို စီးပွားဖြစ် ဖမ်းယူနေကြောင်း သြစတြေးလျ အစိုးရက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် တစ်နှစ်လျှင် ဝေလငါးကောင်ရေ ၁၀၀၀ အထိ ဖမ်းဆီးလျက်ရှိသည်ဟု ဆိုသည်။ ဝေလငါးကို စီးပွားဖြစ် ဖမ်းဆီးခြင်း မပြုရန် ၁၉၈၆ ခုနှစ်မှစ၍ နိုင်ငံတကာ ပိတ်ပင်တားမြစ်ချက် ပေါ်ထွက်ခဲ့သည်။ ဂျပန်နိုင်ငံသည် သုတေသနပြုလုပ်နိုင်ရန် အတွက် ဝေလငါးဖမ်းဆီးခွင့်ရှိသည်ဆိုသော အချက်နှင့် ပတ်သက်၍ တရားရုံးတွင် ထုချေရန် စီစဉ်ထားသည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment