Friday, June 14, 2013
ဆော့ဖ်ဝဲခိုးယူသူ အမေရိကန်၌ ထောင် ၁၂ နှစ်ကျ
အမေရိကန် ဆော့ဖ်ဝဲများခိုးယူသူ တရုတ်နိုင်ငံသား တစ်ဦးအား အမေရိကန် တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ကြောင်း ဇွန် ၁၂ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ မစ္စတာ ကျန်လီ အမည်ရှိ အဆိုပါ တရုတ်နိုင်ငံသားသည် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်ဖိုးရှိ ဆော့ဖ်ဝဲများ ခိုးယူရောင်းချခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ မစ္စတာလီသည် အမေရိကန် ဆော့ဖ်ဝဲ ထုတ်လုပ်သူ ၂ဝဝ ကျော်ထံမှ ဆော့ဖ်ဝဲများ ခိုးယူခဲ့ကြောင်း စွပ်စွဲခံနေရသည်။ ၄င်းအား ၂ဝ၁၁ ခုနှစ် ဇွန်လက အမေရိကန်နိုင်ငံ၌ ဖမ်းဆီးလိုက်ပြီး ယခုနှစ်ဆန်းပိုင်းက ပြစ်ဒဏ်မှ လျှော့ပေါ့ပေးရန် လျှောက်လဲချက် တင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ခိုးယူသွားသည့် ဆော့ဖ်ဝဲများကို အမေရိကန်ဒေါ်လာ ၂ဝ မှ ၁၂ဝဝ အထိ ရောင်းစားခဲ့ကြောင်း၊ ၄င်းသည် ဆော့ဖ်ဝဲ ရောင်းချမှုဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိသွားကြောင်း အမေရိကန် ရှေ့နေများက ပြောကြားသည်။ ၄င်းသည် ဆော့ဖ်ဝဲများကို အီးမေးလ်မှတစ်ဆင့် ရောင်းချခဲ့သည်ဟု ဆိုသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment