Saturday, June 15, 2013

ဂါဗင်ဟိုကို ခေါ်ယူလိုကြောင်း မာဆေးလ် အသင်း အတည်ပြု ဝန်ခံ


အာဆင်နယ် အသင်း၏ တောင်ပံလူ ဂါဗင်ဟိုကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း ပြင်သစ်ကလပ် အိုလံပစ် မာဆေးလ် အသင်းက အတည်ပြု ပြောကြားလိုက်သည်။
အာဆင်နယ် အသင်းသည် လိုင်လီ အသင်းမှ အိုင်ဗရီကို့စ် လက်ရွေးစင်ကို ခေါ်ယူရာတွင် ပေါင်စတာလင် (၁၁)သန်း ကုန်ကျခဲ့သော်လည်း ဂါဗင်ဟို အနေဖြင့် ပရီးမီးယား လိဂ်တွင် တောက်တောက်ပပ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ချေ။ ယခုအခါ အသက်(၂၆)နှစ် ရှိပြီဖြစ်သော ကစားသမားကို မာဆေးလ်က အလေးအနက် စိတ်ဝင်စားမှု ပြသလာသလို အသင်း၏ လက်ထောက်နည်းပြ ဖြစ်သူ ဖရန့်ခ်ပက်ဆီကလည်း မိမိတို့ အနေဖြင့် ဂါဗင်ဟိုကို အလို ရှိနေကြောင်း မီဒီယာများထံ အတည်ပြု ဖွင့်ဟခဲ့သည်။
၎င်းက "ဂါဗင်ဟိုဟာ ကျွန်တော်တို့ စိတ်ဝင်တစား ရှိသူ တစ်ယောက်ပါ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တောင်ပံကနေ ထိုးဖောက်တတ်သူတွေ လိုအပ်နေပါတယ်။ ဘောလုံးကို အလိမ်အခေါက်နဲ့ ကစားပြီး ဖြန့်ဝေနိုင်တာ၊ ဂိုးသွင်းနိုင်တာတွေ လုပ်နိုင်တဲ့ ကစားသမားမျိုးတွေပေါ့။ ဂါဗင်ဟိုမှာ ဒါမျိုး အရည်အသွေးတွေ ရှိတယ်"ဟု ပြောကြားခဲ့သည်။ ဂါဗင်ဟိုသည် (၂၀၁၁)ခုနှစ်က အာဆင်နယ်သို့ ရောက်ရှိလာကတည်းက (၁၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် ထိုကာလအတွင်း (၃၂)ဂိုး သွင်းပြခဲ့သူ သီအိုဝဲလ်ကော့တ်၏ အရန်အဖြစ်သာ နေရာရခဲ့သည်။ လာမည့်ရာသီတွင်လည်း မန်နေဂျာ အာစင်ဝင်းဂါး အနေဖြင့် ဂါဗင်ဟိုထက် လူငယ် ကစားသမား အဲလက်စ်အိုလိဒ် ချိန်ဘာလိန်ကိုသာ ပိုမို နေရာပေး အသုံးပြုလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။ 
Ref: Daily Mail
soccer myanmar

No comments:

Post a Comment