ကမ္ဘာ့ရေပြင်ဧရိယာများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (WWF)သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက မတော်တဆမှု ဖြစ်နိုင်ခြေအမြင့်မားဆုံးအခြေအနေတွင်ရှိသောကမ္ဘာ့အန္တရာယ်အရှိဆုံး ရေပြင်ဒေသများကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ
ရေပြင်ဒေသများမှာ တောင်တရုတ်ပင်လယ်၊ မက်ဒစ်တာရန်နီယမ်ပင်လယ်နှင့်
မြောက်ပိုင်း ပင်လယ်တို့ ဖြစ်သည်။ ယင်းတို့အနက် တစ်ကမ္ဘာလုံးဆိုင်ရာ
ကျောက်မီးသွေး ထွက်ရှိမှုအားလုံး၏ လေးပုံ သုံးပုံခန့်ထွက်ရှိရာ ဒေသဖြစ်သော
East Indies နှင့် တောင်တရုတ်ပင်လယ်မှာ အန္တရာယ်အကြီးမားဆုံး
ရေပြင်ဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ်မှ ယနေ့ကာလအထိ အဆိုပါ ရေပြင်များတွင်
မတော်တဆမှု ဖြစ်ပွားခဲ့သော ရေယာဉ်အရေအတွက် ၂၃၉ စင်းထိရှိကြောင်း
အဆိုပါအဖွဲ့က ပြောကြားသည်။
(အင်တာနက်)khitlunge

No comments:
Post a Comment