Friday, June 28, 2013

ဗန်ဂင်ကဲလ်ကို ခေါ်ယူရေး ကြိုးပမ်းမှု အောင်မြင်ရန် ချယ်လ်ဆီး ယုံကြည်နေ


ချယ်လ်ဆီး အသင်းသည် နယ်သာလန် ကွင်းလယ် ကစားသမားလေး မာကို ဗန်ဂင်ကဲလ်ကို ခေါ်ယူရေး ကြိုးပမ်းမှု အတွက် အောင်မြင်မည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း သိရှိရသည်။
အထစ်အငေါ့ အတားအဆီး အချို့ကြောင့် ဗီတက်ဆီ အန်ဟမ်း အသင်းမှ ကစားသမားလေး စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ရောက်ရှိရန် ကိစ္စမှာ ခက်ခဲနေဆဲ ဖြစ်သည့်တိုင် ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုကမူ ဗန်ဂင်ကဲလ်ကို စာချုပ်နိုင်မည်ဟု အပြည့်အဝ မျှော်လင့်နေဆဲ ဖြစ်သည်။ ချယ်လ်ဆီးသည် ဗန်ဂင်ကဲလ်ကို ပေါင်စတာလင် (၉)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းထားပြီး ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များ မစတင်မီ ပထမ အသင်းသို့ လာရောက်ပူးပေါင်းနိုင်ရန် ကြိုးစားလျှက် ရှိသည်။
ဗန်ဂင်ကဲလ်သည် အသင်းပြောင်းလာပါက ချယ်လ်ဆီးတွင် ပွဲထွက် နေရာအတွက် အဓိက ဦးစားပေး စဉ်းစားခံရသူ တစ်ဦးအဖြစ် ကစားခွင့်ရမည်ဟု မော်ရင်ဟိုထံမှ အာမခံချက် ရရှိထားသည်။ ပြီးခဲ့သည့် ရာသီက နယ်သာလန် လက်ရွေးစင် အသင်းတွင် ဝင်ဆံ့လာသည့် အသက်(၂၀)အရွယ် ကစားသမားလေးသည် ချယ်လ်ဆီးသို့ ကူးပြောင်းခြင်းဖြင့် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားခွင့်ရရန် အခွင့်အလမ်း ကောင်းမွန်လာမည်ဟု ယုံကြည်နေကြောင်းလည်း သိရှိရသည်။  
Ref: Daily Mail
soccer myanmar

No comments:

Post a Comment