Saturday, June 15, 2013

တရုတ်စီးပွားရေး တိုးတက်မှု ကမ္ဘာ့ဘဏ်က လျှော့ချခန့်မှန်း


စီးပွားရေး တိုးတက်မှု နှေးကွေးလာခြင်းနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းလာခြင်းတို့ကို အကြောင်းပြု၍ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ကမ္ဘာ့ဘဏ်က လျှော့ချ ခန့်မှန်းလိုက်ကြောင်း ဇွန် ၁၃ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကမ္ဘာ့ဘဏ်က တရုတ်နိုင်ငံ၏ ၂ဝ၁၃ ခုနှစ် စီးပွားရေး တိုးတက်မှုကို ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု လျှော့ချ ခန့်မှန်းခဲ့သည်။ ကမ္ဘာ့ဘဏ်က စောစောပိုင်းတွင် ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုသည် ၂ ဒသမ ၄ ရာခိုင်နှုန်းမှ ၂ ဒသမ ၂ ရာခိုင်နှုန်းသို့ လျှော့ချ ခန့်မှန်းလိုက်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ကျဆင်းလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။ လွန်ခဲ့သော ဆယ်စုနှစ်များက တရုတ်နိုင်ငံသည် ပို့ကုန်များတင်ပို့မှုနှင့် အစိုးရ ဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုတို့တွင် အဓိက မှီခို အားထားခဲ့ရသည်။ သို့သော်လည်း အဓိကဈေးကွက်ဖြစ်သည့် အမေရိကန်နှင့် ဥရောပတို့တွင် တရုတ်နိုင်ငံ၏ ပို့ကုန်ဝယ်လိုအား ကျဆင်းလာသည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်ပတင်ပို့မှု ကျဆင်းလာသော်လည်း ပြည်တွင်း ဝယ်လိုအားကို တိုးမြှင့်သွားရန် အစီအမံများ ချမှတ် ဆောင်ရွက်လျက် ရှိသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment