နယ်သာလန် မြေအောက်တစ်နေရာ၌ နျူလက်နက်များ လျှို့ဝှက်မြှုပ်နှံထား
အမေရိကန်နိုင်ငံထုတ်
နျူကလီးယား လက်နက် ၂၂ ခုမှာ နယ်သာလန်နိုင်ငံ၏ မြေအောက်ခန်း တစ်နေရာတွင်
သိမ်းဆည်း မြှုပ်နှံထားသည်ဟု နယ်သာလန် ၀န်ကြီးချုပ်ဟောင်း ရက်ဒ်လက်ဘာစ်က
ဇွန် ၁၀ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ နယ်သာလန်နိုင်ငံ၏
ဝန်ကြီးချုပ်အဖြစ် ၁၉၈၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်ကာလအထိ တာဝန်ထမ်းဆောင်ခဲ့သူ
မစ္စတာလက်ဘာစ်က မိမိတို့သည် ဘရာဘန့်တ်ဒေသရှိ ဗော်ကယ်လ် လေတပ်အခြေစိုက်စခန်း၏
မြေအောက်တစ်နေရာတွင် အမေရိကန်နိုင်ငံထုတ် နျူလက်နက် ၂၂ ခုကို
လုံခြုံမှုရှိသော အခန်းများအတွင်း၌ သိမ်းဆည်းထားခဲ့ကြောင်း၊ ယင်း
နျူလက်နက်များမှာ B61 အမျိုးအစားဗုံးများဖြစ်ပြီး ၁၉၆၀ ခုနှစ်အတွင်း
အမေရိကန်နိုင်ငံက စတင်ထုတ်လုပ်ထားသော ဗုံးအမျိုးအစားများဖြစ်ကြောင်း
ထုတ်ဖော် ပြောကြားခဲ့သည်။
(အင်တာနက်)
khitlunge
No comments:
Post a Comment