Thursday, June 13, 2013

မြို့တော် ဒမတ်စကတ်၌ ဗုံးများပေါက်ကွဲ၊ ၁၄ ဦးသေဆုံး


ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် ရဲစခန်းတစ်ခုအနီးတွင် အသေခံဗုံးခွဲ တိုက်ခိုက်သူများက ဗုံးနှစ်လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၄ ဦးထက်မနည်း သေဆုံးကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဇွန် ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ဒမတ်စကတ်ရှိ မာဂျီးရင်ပြည်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာတွင် ၃၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။ ထိုစဉ်အတွင်း ဆီးရီးယား ကြည်းတပ်သည် နိုင်ငံအနောက်မြောက်ပိုင်း အလတ်ပိုမြို့အနီးရှိ မြို့ငယ်များကို သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေး လုပ်ငန်းတစ်ရပ်ကို ဆင်းနွှဲလျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment