ဂရိရုပ်သံလှိုင်း ထုတ်လွှင့်မှု ရပ်ဆိုင်း
ဂရိအစိုးရက
အီးအာတီ ရုပ်မြင်သံကြား အများပြည်သူများအား ထုတ်လွှင့်ပြသမှုကို
ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဇွန် ၁၂ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင်
ဖော်ပြထားသည်။ ဂရိရုပ်မြင်သံကြား သတင်းကြည့်ရှုကြသူများသည် ဇွန် ၁၁ ရက်
ညနေပိုင်းက နောက်ဆုံး သတင်းကြည့်ရှုခဲ့ကြရသည်ဟု ဆိုသည်။ ရုပ်မြင်သံကြား
ဝန်ထမ်းများကိုလည်း ပြန်လည်ဖွဲ့စည်းသည့် အဖွဲ့အစည်း တစ်ခုအတွက်
လုပ်ငန်းခွင် ဝင်ရောက်ခြင်းမှ ရပ်ဆိုင်းထားလိုက်သည်။ ထောင်နှင့်ချီသော
ပြည်သူများက ယင်းကဲ့သို့ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ရပ်ဆိုင်း၍
ဆုံးဖြတ်ခဲ့ခြင်းကို ဆန့်ကျင်သည့် အနေဖြင့် အီးအာတီ ရုပ်မြင်သံကြားဌာနချုပ်
အပြင်ဘက်သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။
(ဘီဘီစီ)
khitlunge
No comments:
Post a Comment