Thursday, June 6, 2013

ဒစ်ဂျစ်ဆဲလ် လေလံအောင်ရင် လူ ၇၀၀၀ ကျော် အလုပ်ရမယ်

ကုမ္ပဏီ သေးပေမယ့် ခြေလှမ်းသွက်နေသည့် ဒီဂျစ်ဆဲလ် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ်က စ ခြေချခဲ့သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကမ္ဘာ့အဆင့်မီ မိုဘိုင်းဖုန်း ကွန်ရက်တည်ဆောက်ဖို့ ဒစ်ဂျစ်ဆဲလ် တယ်လီဖုန်း ကုမ္ပဏီက အမေရိကန် 
ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့အကြောင်း တနင်္လာနေ့က တင်သွင်းလိုက်တဲ့  မြန်မာ့ မိုဘိုင်း ဖုန်း အော်ပရေတာ လေလံ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။ 
ဒစ်ဂျစ်ဆဲအနေနဲ့ တွင် လေလံအောင်မယ်ဆိုပါက မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ ၆ ဒဿမ ၆ ဘီလီ ယံ ကို တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ပထမနှစ်မှာပင် လူပေါင်း ၇ ထောင်ကို အလုပ်ခန့်မှာဖြစ်ပြီး အဲဒီ ရင်းနှီးမြှုပ်နှံမှုကြောင့် လူပေါင်း ၁၂၄၀၀၀ ကိုလည်း တိုက်ရိုက်မဟုတ်သည့် အလုပ်အကိုင်တွေ ဖန်တီးပေး
နိုင်တယ်လို့လည်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ 

မြန်မာ့မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးအတွက် နိုင်ငံခြားကုမ္ပဏီ ၂ ခုကို ချထားပေးမှာဖြစ်ပြီး ကုမ္ပဏီ ၁၂ ခု လေလံပြိုင်တင်ထားကြပါတယ်။ 

ယမန်နေ့ကတော့ Vodafone က အဆိုပါ လေလံပွဲကထွက်သွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာ ခဲ့ပါတယ်။ 

မြန်မာ့မိုဘိုင်းဖုန်း ကွန်ရက် လုပ်ပိုင်ခွင့် လေလံအောင်ပါက လာမယ့် ဆီးဂိမ်းမှာ 4G ဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုနိုင်ဖို့ လုပ်မှာဖြစ်ပြီး ၂၀၁၅ ခုတွင် လူ ၆၂ သန်းရဲ့ ၉၆ ရာခိုင်နှုန်းကို ဖုန်းကွန်ရက် ဖြန့်ကျက် မယ်လို့လည်း ဒီဂျစ်ဆဲလ်က ဆိုထားပါတယ်။  

ဒါကြောင့် ဒစ်ဂျစ်ဆဲလ်သာ လေလံအောင်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းအတွက် လူပေါင်း ၇၀၀၀  အလုပ်ရမှာမို့ ဘွဲ့ရ အလုပ်လက်မဲ့ဖြစ်နေသူများအတွက် အိပ်မက်တခုဖြစ်နေပါတယ်။ 

irrawaddy blog

No comments:

Post a Comment