Monday, June 3, 2013

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ဆန္ဒထုတ်ဖော်မည့်အစီအစဉ် ဖျက်သိမ်းခဲ့

ရခိုင်လူငယ်များအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၌ ဆန္ဒထုတ်ဖော်ခြင်းကို ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က လာရောက်တားမြစ်ခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်မည့် အစီအစဉ် ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို တားမြစ်ရခြင်းမှာ တရားဝင်ဆန္ဒပြရန် ခွင့်ပြုချက်မပါရှိခြင်းကြောင့် နှင့် ရဲမင်းဦး အမှုကဲ့သို့ အဖမ်းခံမည်ဆိုး၍ တားမြစ်ရခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။
 
ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တဲ့စကားကို ရခိုင်အမျိုးသားတစ်ယောက်အနေနဲ့ လုံးဝကန့်ကွက်ပါတယ်။ ဒါပေမယ့် အခုကဆန္ဒမပြရအောင် လာပြီးတားတာပါ။ ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီ မိသားစုတစ်စုလျှင် ကလေးနှစ်ယောက်နှုန်းသာ ယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်သည် လူ့အခွင့်အရေးချိုး ဖောက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းအပေါ် လက်မခံနိုင်ခြင်းကြောင့် ရခိုင်လူငယ်အဖွဲ့ဝင်အချို့က ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်ဟု သိရှိရသည်။
 
ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးချင်တာက လူ့အခွင့်ရေးလို့ပြောမယ်ဆိုရင် သူတို့ ဘာသာဝင်တွေ အုပ်ချုပ်တဲ့ OIC အဖွဲ့ဝင်နိုင်ငံမျိုးတွေမှာ လူ့အခွင့်ရေးမပြောနဲ့ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်ရေး ရသလားဆိုတာအရင်ကြည့်သင့်တယ်။ဟု ရခိုင်တိုင်းရင်းသား ကိုစစ်ငြိမ်းက ပြောသည်။
 
၂၀၁၃ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲအပြန်တွင် ယခုကဲ့သို့ သတင်းထောက်များမေးမြန်းသော မေးခွန်းအပေါ်  ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
ကျွန်တော်တို့ကတော့ ဘာမှမသိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဘယ်တုန်းက ဘယ်လိုဖြေခဲ့မှန်းလည်း မသိပါဘူး ဟု ဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်(ပုသိမ်)က ပြောသည်။
 
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့သို့ ဇွန်လ(၁)ရက် နေ့လည်(၁)နာရီ ၀န်းကျင်တွင် ရခိုင်လူငယ်အချို့ ရောက်ရှိနေစဉ် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှ ဆန္ဒထုတ်ဖော်မည့်အစီအစဉ်အား လာရောက်တားမြစ်ခဲ့ခြင်းဖြစ်သည်။
မိုးမြင့်ကျော် (မြစ်မခ) 

No comments:

Post a Comment