Monday, June 10, 2013

နိုင်ငံနှင့် မြို့ကြီး ၇၈ ခုတို့နှင့်အတူ တရုတ် ဟေဘေးပြည်နယ်တွင် ရေလွှမ်းမှုဖြစ်ပွား


ဇွန် ၅ ရက်ကတည်းက စတင်ခဲ့သော မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် မြို့ကြီး ၇၈ ခုတို့မှာ ရေလွှမ်းမှုဘေးဒုက္ခများ ရင်ဆိုင်ကြုံတွေ့နေရပြီး တရုတ်နိုင်ငံ အလယ်ပိုင်း ဟေဘေးပြည်နယ်တွင်လည်း အဆိုပါ ဘေးဒုက္ခများ ဖြစ်ပေါ်ကာ ငါးဦးသေဆုံးခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန် ၇ ရက်တွင် အတည်ပြု ပြောကြားသည်။ ဇွန် ၅ ရက်က စတင်ခဲ့သော ဟေဘေးပြည်နယ် မိုးသည် ဇွန် ၇ ရက်နံနက် ပိုင်းအထိ ဆက်လက် ရွာသွန်းကာ အင်ရှီ၊ ယီချန်နှင့် ကျန်ကျို့မြို့တို့တွင် မိုးရေချိန်ပမာဏ မီလီလီတာ ၂၀၀ ကျော်ရှိသည်ဟု သိရသည်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးသီးနှံ ၃၅၀၀၀ ဟက်တာကျော်နှင့် လူနေအိမ် ၁၃၅ လုံး ပျက်စီးမှုများ ရှိခဲ့ပြီး ရေဘေးဒုက္ခသည် ၂၃၁၆ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟုလည်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment